Local News

မုန့်ညှင်းစိမ်းဈေးနှုန်းဈေးကွက်

Last Updated:

အေးမြသောဆောင်းဦးရာသီဖြစ်သည့် နိုဝင်ဘာလအတွင်း အအေးကြိုက်သော သီးနှံတစ်မျိုး ဖြစ်သည့်မုန့်ညှင်းစိမ်းများ မန္တလေးဈေးကွက်အတွင်းသို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပါသည်။ မုန်ညှင်းကို အဓိကအနေဖြင့် မုန့်ညှင်းဖြူ၊ မုန့်ညှင်းစိမ်းဟူ၍ (၂) မျိုး ခေါ်ဝေါ်ကြပြီး မုန့်ညှင်းစိမ်းများကို အချဉ်တည်ခြင်း၊ ကြော်စားခြင်း၊ အတို့အမြှုပ်အဖြစ် စားသုံးခြင်း၊ မုန့်ညှင်းပေါင်း၊ မုန့်ညှင်းစောများအဖြစ် အမျိုးမျိုးပြုလုပ်စားသုံးကြပါသည်။ မန္တလေးတိုင်းဒေသကြီး၊ လာဘ်ကောင်းကျေးရွာတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ အာဟာရပြည့်ဝသောသီးနှံတစ်မျိုးဖြစ်သည့် မုန့်ညှင်းစိမ်းများကိုလည်း တစ်နိုင်တစ်ပိုင်စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရှိရပါ သည်။ ဈေးကွက်အနေဖြင့် မုန့်ညင်းစိမ်းပင်ပေါက်လက်ဆုပ်တစ်စီးလျှင် ၄၀၀ ကျပ်၊ မုန့်ညင်းစိမ်းအကြီးတစ်စီးလျှင် ၈၀၀ ကျပ်မှ ၁၂၀၀ ကျပ်ထိရှိကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News